မင်းဘူး ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာစာသင်ကျောင်းပေါင်း (၉)ကျောင်းနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ပညာသင်နှစ်အလိုက် ကျောင်းသားဦးရေ နှစ်စဉ်တိုးတက်များပြားလာမှုနှင့်အတူ စာသင်ကျောင်းလိုအပ်ချက် ပြည့်စုံစေရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် စာသင်ကျောင်း(၆)ကျောင်း၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ တစ်လုံးနှင့် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ(GRF) Quick Win အစီအစဉ်ဖြင့် စာသင်ကျောင်း (၃)ကျောင်းကို ဆောက်လုပ်လျက်ရှိကြောင်း၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးက ထံမှသည်။
ထိုသို့ဆောက်လုပ်ရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် လက်ခုပ်ပင်ကျေးရွာ အ.လ.ကတွင် ပေ ၉၀၊ ပေ ၃၀ ရှိ RC တစ်ထပ်ကျောင်း ဆောင်သစ်ကို ခွင့်ပြုငွေ ၂၂၉ ဒသမ ၅၀ ကျပ်သန်း၊ ကုလားပါး ကျေးရွာ အ.လ.ကတွင် ပေ ၉၀၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၂၂၉ ဒသမ ၅၀ ကျပ်သန်း၊ မုန်တောင်ကျေးရွာ အ.ထ.ကတွင် ပေ ၁၁၀၊ ပေ ၃၀ ရှိ RC နှစ်ထပ် ကျောင်းဆောင် သစ်ကို ခွင့်ပြုငွေ ၅၆၁ ကျပ်သန်း၊ ကိုင်းတောကြီးကျေးရွာ အ.ထ.က(ခွဲ)တွင် ပေ ၁၂၀ ၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၃၀၆ ကျပ်သန်း၊ ရေပေါ်လေး ကျေးရွာ အ.ထ.က(ခွဲ)တွင် ပေ ၁၁၀၊ ပေ ၃၀ ရှိ RC နှစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၅၆၁ ကျပ်သန်း၊ ထိန်တော ကျေးရွာ အ.လ.ကတွင် ပေ ၉၀၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၂၂၉ ဒသမ ၅၀ ကျပ်သန်း၊ အ.လ.က(ခွဲ)ရေချိုတွင် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ပေ ၆၀၊ ပေ ၃၀ ရှိ RC တစ်ထပ်ဝန်ထမ်းအိမ်ယာနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ၁၅၆ ဒသမ ၆၀ ကျပ်သန်း၊ ထို့အတူ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) Quick Win အစီအစဉ်ဖြင့် ကျောက်စံကျေးရွာ အ.ထ.ကတွင် ပေ ၉၀၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၂၂၉ ဒသမ ၅၀ ကျပ်သန်း၊ မောင်းမကန်ကျေးရွာ အ.ထ.က(ခွဲ)တွင် ပေ ၁၂၀၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၃၀၅ ကျပ်သန်း၊ ကြီးပင်ကန်-၁ ကျေးရွာ အ.လ.က(ခွဲ)တွင် ပေ ၆၀၊ ပေ ၃၀ ရှိ RC တစ်ထပ်ကျောင်းဆောင်သစ်ကို ခွင့်ပြုငွေ ၁၅၃ ကျပ်သန်းတို့ဖြင့် ဆောက်လုပ်လျက်ရှိသည်။
အဆိုပါကျောင်းများအနက် Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျောက်စံကျေးရွာ အ.ထ.ကနှင့် ကြီးပင်ကန်-၁ ကျေးရွာ အ.လ.က(ခွဲ) ကျောင်းတို့မှာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး၍ မကြာမီ ဖွင့်လှစ်တော့မည့်ဖြစ်ကြောင်း၊ စာသင်ကျောင်းများအားလုံး ဆောက်လုပ်ပြီးစီးပါက ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းကျယ်ကျယ်ဝန်းဝန်းဖြင့် စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)