ပခုက္ကူ ဒီဇင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(Physical Fitness) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၃ရက်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ကိုယ်ကာယကြံ့ခိုင်မှု (Physical Fitness) ပြိုင်ပွဲဝင်အသင်း ခြောက်သင်းမှ အားကစားသမားများအလိုက် ပါဝင်ယှဉ်ပြိုင်ကြပြီး အကဲဖြတ်ဒိုင်လူကြီးများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသည့် အားကစားအသင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)