ရွှေတောင်မြို့နယ်၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ရွှေတောင် ဒီဇင်ဘာ ၂၃

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးတွင်း ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ ဌာန၏ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းလုပ်ငန်းများ စွမ်းဆောင်ရည်တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်အထိ ၂ ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်ဆက်)