သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမ ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သီလရှင်များ အလုပ်အမှုဆောင်အဖွဲ့နှင့် သာသနဟိတကာရီအမျိုးသမီးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် (၄၁) ကြိမ်မြောက် (၅) မြို့နယ် စာပြန်စာမေးပွဲကြီးအား ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီက သင်္ဃမိတ္တာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းသီလရှင်အမှုဆောင်အဖွဲ့ဝင် ပဌာနနာယက သီလရှင်ဆရာကြီး ဒေါ်သြဘာသီက ယခုစာပြန်၊ စာမေးပွဲကြီးသည် အစိုးရပါဋိပထမပြန် ဓမ္မာစရိယစာပြန်စာမေးပွဲကြီးတွင် ရေးဖြေသီလရှင် (၄၅)ပါး နှင့် စာပြန်အာဂုံဆောင်သီလရှင် (၁၄၁)ပါး စုစုပေါင်း (၁၈၆) ပါး ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ယခုစာပြန်စာမေးပွဲကြီးအား ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဟု သိရသည်။ စာမေးပွဲအောင်စာရင်းအား ၁၃၈၇ ခုနှစ် ပြာသိုလပြည့်နေ့ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်မိုး