ဘားအံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ဆောင်းရာသီဘော်လီဘောပြိုင်ပွဲကို ဘားအံတက္ကသိုလ် အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ အမျိုသား/အမျိုးသမီးအဖွဲ့ (၁၀)ဖွဲ့ အားကစားသမား (၁၀၀)ဦးဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်