အလုံ ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ကရာတေးပြိုင်ပွဲ ကျင်းပခဲ့သည်။
ပြိုင်ပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကရာတေးပြိုင်ပွဲအားကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)