ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် သိလ္လာချောင်းဖျားကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်

မြောင်းမြ  ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ သိလ္လာချောင်းဖျားကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်ကြီးက လျှစ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ပြီး ကျေးရွာအတွင်မီတာ တပ်ဆင်ထားမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား  "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်၊ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)