မြောင်းမြ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော (ဒုတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနား ပထမပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နော်ကပေါ်ရှီးက အမှာစကားပြောကြားခဲ့ပြီး သူနာပြုသစ္စာအဓိဋ္ဌာန်အား တိုင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက လိုက်ပါရွတ်ဆိုခဲ့သည်။ ထို့နောက် လုပ်ငန်းခွင်ဝင်မည့် သင်တန်းသား၊ သင်တန်းသူများအား သူနာပြု-သားဖွား ဒီပလိုမာများ အပ်နှင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)