ငရုတ်ကောင်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ တောင်သူ ဦးဝင်းနိုင်၏ လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) Super Sun 41 မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆောင်းဆီထွက်သီးနှံ(နေကြာ)(၂)ဧကအား မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန်စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါ စိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ ရဲတပ်ဖွဲ့စခန်းမှစခန်းမှူးရဲအုပ်ထူးနိုင်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်၊ မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူးဦး ကျော်ဇင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေနိုင်နှင့်ဝန်ထမ်းများ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)