သရက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွေးကောက်ပွဲတွင်တာဝန်ယူဆောင်ရွက်ကြရမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများသည် မိမိတာဝန်ကြရာနေရာများသို့ တာဝန်သွားရောက်မထမ်းဆောင်မီ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဆန္ဒမဲများအား အ.ထ.က(၁)ရာပြည့်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲပေးနိုင်ရေးအသီးသီး စီမံဆောင်ရွက်ထားရှိပြီး ပြည်တွင်းရှိမဲစာရင်းပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ စတင်မဲပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လုလင်(သရက်)