တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၂၀

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

အဆိုပါ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်၍ ယနေ့နံနက် ငါးနာရီခွဲအချိန်မှစ၍ သတ်မှတ်ထားသည့် စုရပ်များမှစတင်၍ လမ်းလျှောက်ပွဲများကို ကျင်းပခဲ့ကြသည်။ လူထုလမ်းလျှောက်ပွဲများကို ဟုမ္မလင်း၊ သထုံ၊ သရက်၊ ကျောက်ဆည်၊ စေတုတ္တရာ၊ သာယာဝတီ၊ မိုင်းယန်း၊ တွံတေး၊ ထန်းတပင်(ရန်ကုန်) ၊ သဲကုန်း၊ မိုင်းယောင်း၊ မရမ်းကုန်း၊ တပ်ကုန်း၊ လမ်းမတော်၊ မအူပင်၊ ညောင်တုန်း၊ မိုင်းပန်၊ ဘိုကလေး၊ ကျိုက်လတ်၊ ပျော်ဘွယ်၊ ရပ်စောက်၊ ပုဇွန်တောင်၊ မော်လမြိုင်ကျွန်း၊ သန်လျင်၊ မင်းဘူး၊ ရန်ကင်း၊ မြောက်ဥက္ကလာပ၊ စစ်ကိုင်း၊ မောက်မယ်၊ မိုင်းကိုင်၊ ခရမ်း၊ ကျွန်းစု၊ လှိုင်းဘွဲ၊ ရွှေကျင်၊ ဒလ၊ မိုင်းပျဉ်း၊ အလုံ၊ မိုင်းရှူး၊ ဆိပ်ကြီးခနောင်တို၊ စဉ့်ကိုင်၊ မက်မန်း၊ မြစ်သား၊ ကော့မှူး၊ မြို့သစ်၊ ဖြူး၊ ရွှေပြည်သာ၊ တမူး၊ ဆင်ပေါင်ဝဲ၊ ကွမ်းခြံကုန်း၊ အထက်မင်းလှ၊ မိတ္ထီလာ၊ ရွှေတောင်၊ ဖျာပုံ၊ နတ်မောက်၊ ဇလွန်၊ ကော့သောင်း၊ သုံးခွ၊ ကွန်ဟိန်း၊ လှိုင်၊ ပေါက်ခေါင်း၊ ဇီးကုန်း၊ စလင်း၊ လပွတ္တာ၊ လွိုင်လင်၊ ဝေါ၊ ထန်းတပင်၊ ထန်းတပင်၊ ကျောက်တံတား၊ သာကေတ၊ ကံမ၊ ဆိပ်ဖြူ၊ ပန်းဘဲတန်း၊ တောင်ငူ၊ လသာ၊ ညောင်ရွှေ၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အောင်လံ၊ မင်းလှ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ပေါင်၊ ကဝ၊ ပင်းတယ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပုဇွန်တောင်၊ ရေနံချောင်း၊ ပေါင်းတည်၊ သံဖြူဇရပ်၊ တံတားဦး၊ ညောင်ဦး၊ ကြံခင်း၊ ရွှေဘို၊ ဟင်္သာတ၊ ညောင်လေးပင်၊ လှိုင်သာယာ၊ အုတ်တွင်း၊ ဖောင်းပြင်၊ လေရှီး၊ ခန္တီးနှင့် ဒေးဒရဲ မြို့တို့တွင် ကျင်းပခဲ့ကြသည်။

လူထုလမ်းလျှောက်ပွဲများသို့ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လူထုလမ်းလျှောက်ပွဲအပြီးတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။