နတ်တလင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် မြို့မရဲစခန်းဝင်းအတွင်း ယမန်နေ့နံနက် (၉) နာရီအချိန်က နတ်တလင်းခရိုင်ရုံးနှင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) ၌ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅)(ခ) အကျုံးဝင်သောမဲဆန္ဒရှင်များအနက် နိုင်ငံတော် တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့်ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ယမန်နေ့တွင် နတ်တလင်းခရိုင်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့၊မြို့မရဲစခန်း၊ တောင်ညိုနယ်မြေရဲစခန်း၊ တာပွန်နယ်မြေ ရဲစခန်းတို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၇) ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲစတင်ပေးနှံခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး