ရေနံချောင်းမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရေနံချောင်း ဒီဇင်ဘာ ၂၀

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပိုမိုပါဝင်မဲပေးနိုင်ရေးနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများ မဆုံးရှုံးစေရန်ရည်ရွယ်၍ လမ်းသွားလမ်းလာမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များပေါ်မှ ပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင် ၇၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)