မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်(ဋ)ရပ်ကွက်ရှိ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းရှိ Kg ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အာဟာရတိုက်ကျွေးပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများက မြောက်ဥက္ကလာပမြို့နယ်(ဋ)ရပ်ကွက်ရှိ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းရှိ Kg ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကလေးသူငယ်များအား အာဟာရဖြည့်စွက်များ ကျွေးမွေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး