ညောင်တုန်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပါလှဲ့ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ဖတ်ကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပရေးကော်မတီဥက္ကဋ္ဌက နှစ်သစ်ကူးကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များက နှစ်သစ်ကူးရေးဗဟိုကော်မတီ(မဟာရန်ကုန်)မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကရင်အမျိုးသားအလံတော်အကြောင်း၊ ကရင်ရိုးရာဖားစည်အကြောင်း၊ ကရင်အမျိုးသာနေ့ သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့၍ ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ဆုရရှိသော ဒုံးအကအဖွဲ့များအား တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်တိုင်ရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)