ပေါင်းတည်မြို့နယ်၌ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပေါင်းတည် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာကြသည့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို‌ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အဖွင့်အမှာစကားပြောကြားခဲ့ကာ အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ ပေါင်းတည်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများအတွင်း ရောက်ရှိလာကြသည့် ယာယီနေရပ်စွန့်ခွာလာသူ(၄၃၉) ဦးတို့အတွက် တစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာသုံးလစာငွေကျပ် (၆၀၀၀၀)ကို တာဝန်ရှိသူများက ကာယကံရှင် များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေသား