ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆီထွက်သီးနှံနေကြာ (ရုရှား)မျိုး စိုက်ပျိုးပွဲအား တက်ရောက်ကြည့်ရှု

ပုသိမ် ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ တောင်သူဦးဝင်းလှိုင်၏ စိုက်ဧက (၇) ဧကတွင် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံနေကြာ MAKHAON KLP/IPPOLIT/VULKAN OR (ရုရှား)မျိုး စိုက်ပျိုးပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ တောင်သူဦးဝင်းလှိုင်၏ စိုက်ဧက (၇) ဧကတွင် ပုသိမ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံနေကြာ MAKHAON KLP/IPPOLIT/VULKAN OR (ရုရှား) မျိုး စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံခဲ့ရာ ဝါးခယ်မမြို့နယ်မှ နေကြာစိုက်တောင်သူ ဦးဝင်းဗိုလ်က ရုရှားနေကြာမျိုးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ ရုရှားနိုင်ငံထုတ် စိုက်ပျိုးရေးဆေးဝါးများ သုံးစွဲခြင်းဖြင့် ယူရီးယားဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ‌စိုက်ဧကတိုးစေရန် ရေနှင့်မနီးမဝေး နေရာများအထိ တိုးချဲ့စိုက်ပျိုးရေး၊ ‌ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းတွင်  ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။‌

လှမင်းထွဋ်(ပြန်/ဆက်)