ဖျာပုံ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေး၊ ကွင်းအမှတ်(၄၅၇/A)၊ ဦးပိုင်အမှတ်(၁၉/၂)၊ ဧရိယာ(၇)ဧကရှိ တောင်သူ ဦးမောင်မောင်၏ လယ်ယာမြေတွင် ယနေ့ နံနက် (၉) နာရီအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင်တွင် ကျင်းတစ်ထောင် ဆီတစ်ပုံး နေကြာစိုက်ပျိုးထားရှိမှုအား ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင်တွင် ကျင်းတစ်ထောင် ဆီတစ်ပုံး နေကြာစိုက်ပျိုးထားရှိမှုအား ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ ဖျာပုံမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ပြီး နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးသရုပ်ပြမှုနှင့် ကန်သင်းဘောင်တွင် ကျင်းတစ်ထောင် ဆီတစ်ပုံး နေကြာစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်