ချောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ချောက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် MEVMစက်ကိုင်တွယ်မည့်သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား တပ်ဆင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့်  တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခန်းမအတွင်း၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရှိ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မဲရုံအလိုက် တာဝန်ယူဆောင်ရွက်မည့်မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် MEVM စက်ကိုင်တွယ်မည့်သူများက မဲပေးစက်ပစ္စည်းများ တပ်ဆင်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး‌လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိထားမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)