ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် တိုးမြစ်ကမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၁) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် Pye Aung Construction Company တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမှတ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းထိပ်နှင့် ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (Bored Pile) အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များနှင့် လုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း