ကော့မှူးတွင် သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုက်ဆံလျှော်၊ နေကြာမျိုးစေ့၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder ၊ နေကြာစံကွက်စိုက်ပျိုးခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ ပေးအပ်ပွဲကျင်းပ

ကော့မှူး ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ထန်းတစ်ပင်‌ကျေးရွာ ဦးမောင်စိုးလယ်၌ သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုက်ဆံလျှော်၊ နေကြာမျိုးစေ့ကိရိယာ  Drum Seeder ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၃ ရက်က အဆိုပါလယ်၌ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းကအဖွင့်အမှာစကား‌ ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်ကနေကြာစိုက်ပျိုးခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဟိန်းက နေကြာမျိုးစေ့ချစက် အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များက နွေးစပါးအပါဝင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုဓာတ်မြေဩဇာ၊ စွမ်းအား မြှင့်မီးဖိုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။       

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များက ကွင်းအမှတ် (၅၀၄)ဦးပိုင်အမှတ် (/၄၄ဧရိယာ(၅)ဧကရှိတောင်သူ ဦး‌သိန်းကျော်၏လယ်မြေ၍ နေကြာအစေ့ချစက်ဖြင့် စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)