ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်း၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ကျောင်းသစ် ဆောက်လုပ်ခြင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းမှ ကုမ္ပဏီတာဝန်ရှိသူများအား ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)