ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့က တော်ခရမ်းလေးကျေးရွာ၊ အ-ထ-က (ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့် စာပေအကြောင်းအရာအားလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးစားသုံးသူအခွင့်အရေးဆိုင်ရာ အကြောင်းအရာများအား၎င်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိ‌ကောင်းစရာများအား ၎င်းဟောပြာခဲ့သည်။ ထို့‌နောက်‌ တော်ခရမ်းလေးကျေးရွာ အ-ထ-က (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာ‌စောင်များ၊ စာဖတ်ရှိန်မြင့်တင်လှုပ်ရှားမှု နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆွေနွယ် (ပြန်/ဆက်)