တံတားမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောင်သီရိဈေးအတွင်း မီးသတ်ဆေးဗူးများ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်‌တွေ့သရုပ်ပြဆောင်ရွက်

တံတား ဒီဇင်ဘာ ၁

တံတားမြို့အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာကျယ်ပြန့်စွာ သိရှိနိုင်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက အောင်သီရိစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ စစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့တာဝန်ခံ ဦးဇွဲမာန်ဟိန်းနှင့် ဝန်ထမ်းများ၊ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးခြင်းနှင့် မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာ‌သော စျေးသူစျေးသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)