ဆင်ပေါင်ဝဲမြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသော နို့နှင့် နို့ထွက်ပစ္စည်းများအား စစ်ဆေးခြင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက စျေးကွက်အတွင်း ရောင်းချလျက်ရှိသော နို့နှင့် နို့ထွက်ပစ္စည်းများအား စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးစည်သူကျော်နှင့် ဝန်ထမ်းများ၊ ​မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသော နို့နှင့် နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသည့် စျေးနှုန်းများနှင့် စျေးနှုန်းစျေးကွက်အခြေအနေ တို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)