ကိုကိုးကျွန်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့်စားအုန်းဆီ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ရောင်းချပေး

ကိုကိုးကျွန်း ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုကိုးကျွန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ပြင်ပပေါက်ဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက် (၉) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် တစ်ဦးလျှင် (၅၀) ကျပ်သားစီရောင်းချပေးရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဝယ်ယူခဲ့ကြောင်းနှင့် စားရေးအခက်ခဲဖြစ်နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် စီစဉ်ရောင်းချပေးသော တာဝန်ရှိလူကြီးမင်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)