ဒဂုံတက္ကသိုလ်၌ မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါ‌မောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လယ်ယာ‌ မြေနှင့် အခြား‌မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်‌ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းထွန်းက မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ပုံအဆင့်ဆင့်အားလည်းကောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြား‌မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မြေဧက ၁ဧကလျှင် သိန်း ၁၀၀

နှုန်းဖြင့် (၆၅၅. ၂၂) ဧကအတွက် မြေယာလျော်ကြေးငွေ (၆၅၅၂.၂၀) သန်းအား တောင်သူ (၃၇) ဦးအား အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် လျော်ကြေးငွေရရှိသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြသည်။

အဆိုပါမြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ ဒဂုံတက္ကသိုလ် ပါ‌မောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊‌ ခရိုင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်‌ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ