ကျိုက်ထို ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရှိဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက်(၈)နာရီခွဲက ကျိုက်ထီးရိုးတောင်ပေါ် ဈေးဆိုင်တန်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသိုဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးရဲဗလ ဦးမျိုးဝင်း၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်၊ ရင်ပြင်တော်စခန်းတာဝန်ခံ ဦးအောင်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ် အသုံးပြုနည်းတို့ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ရဲဗလ ဦးမျိုးဝင်း၊ ကျိုက်ထိုမြို့နယ်မီးသတ်၊ ဦးစီးအရာရှိဦးဝေယံအောင်၊ ရင်ပြင်တော်စခန်းတာဝန်ခံ ဦးအောင်ငြိမ်း၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ၊ သားများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)