မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြ‌စေတီစာသင်တိုက်(ရဲကျောင်း) မြစေတီဆရာတော်ဘုရားကြီး၏ အဘိဓဇ မဟာရဠဂုရု ဂုဏဝိသဠပူဇာသဘင်အထိမ်းအမှတ် ဆွမ်းခြောက်လောင်းလှူပွဲနှင့် စာရေးတံမဲအလှူမင်္ဂလာ အခမ်းအနား ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အထက်လမ်းမကြီး၊ မြစေတီစာသင်တိုက်(ရဲကျောင်း)ရှေ့ မြစေတီဆရာတော် ဘုရားကြီးဘဒ္ဒန္တဝိမလဗုဒ္ဓိ (၈၁)နှစ်၊ (၆၁)ဝါ၏ အဘိဓဇ မဟာရဠဂုရု ဂုဏဝိသဠပူဇာ သဘင်အထိမ်းအမှတ် ဆွမ်းခြောက်လွမ်းလှူပွဲနှင့် စာရေးတံမဲအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြစေတီဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြု၍ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက မော်လမြိုင်မြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာအပါး(၁၅၀၀)ပါးတို့အား စာရေးတံမဲအလှူငွေများနှင့် ဆွမ်းခြောက်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ ခေါင်းဆေးကျွန်းကျောင်းတိုက် ပင်မကျောင်းဆောင် အကျယ်အဝန်း ပေ(၆၀x၉၀)ရှိ အုတ်ညှပ်၊ သွပ်မိုး၊ ပျဥ်ခင်း၊ နှစ်(၁၅၀)ကျော်ခန့်ရှိ ရှေးဟောင်းအဆောက်အဦး(၂)ထပ် ပင်မကျောင်းဆောင် မီးလောင်ပျက်စီးသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ကျောင်းဆောင်အသစ် ပြင်လည်ပြင်ဆင်နိုင်ရန်အတွက် ဆရာတော်ကြီးထံ ပြည်နယ်အစိုးရအဖွဲ့မှ ပထမအကြိမ်အလှူတော်ငွေကျပ်သိန်း(၁၀၀)၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ မွန်​ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်း​လေးပါးတို့ဖြင့်ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)