ချောင်းဆုံ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အားမာန်လယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းသား တောင်သူဦးတင်ရှိန်၏ ဂျပန်ရွှေဝါထွန်း မျိုးစပါးစိုက်ဧက (၈)ဧကအား ရိတ်သိမ်းနေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်သမဝါယဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထို့သို ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးဒေါ်ကြူကြူနှင့် ဝန်ထမ်းများက မိုးစပါးရိတ်သိမ်းနေမှုအခြေအနေကို ကြည့်ရှုအားပေးကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထားသည့် အသင်းသားတောင်သူ အသင်းသားတောင်သူ (၅၄)ဦး၏ မိုးစပါးစိုက်ဧက (၁၅၉)ဧကရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)