အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

ရေနံချောင်း ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) တို့ ဖြန့်ဝေခဲ့သည်။

ထိုသို့ဖြန့်ဝေရာတွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အစိုးရစက်မှုလက်မှု သိပ္ပံ(ရေနံချောင်း)တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့တွင် “ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)