ချောင်းဆုံမြို့နယ်၌ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ဒို့အတူတူမဲပေးကြမယ် ဆိုင်းဘုတ်များ စိုက်ထူးခြင်း၊ စတစ်ကာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချောင်းဆုံ ဒီဇင်ဘာ ၁၁

ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ချောင်းဆုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၄း၃၀ က မြို့အဝင် သံလွင်တံတာား (ချောင်းဆုံ)တံတားရဲကင်းရှေ့နှင့် လူစည်းကားရာ နေရာများတွင် ဒို့အတူတူမဲပေးကြမည် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအသိပညာပေးဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတို့မှ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ “ဒီမိုကရေ စီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးစို့” “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့’’ “ဒို့အတူတူမဲပေးကြမည် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့’’ “လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီကိုဖောင်ဆောင်မည်’’ စသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင် အစောင်ရေ(၃၀၀)ကို ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)