ပခုက္ကူ ဒီဇင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေကြသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေး ရည်ရွယ်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပခုက္ကူတက္ကသိုလ်တွင် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သင်ကြားဆည်းပူးနေကြသည့် ကျောင်းသား ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ကယ်ရီမောင်