ညောင်တုန်းမြို့နယ်၌ လယ်ယာမြေဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မြေစာရင်းမှူး ဦးလှမျိုးက လယ်ယာမြေဥပဒေနှင့် အခြားနည်းသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်၊ လယ်ယာမြေပေါ်တွင်ခွင့်ပြုချက်မရှိဘဲ ငါးမွေးကန် တူးဖော်သည့်လုပ်ငန်းများမရှိစေရေး၊ ငါးမွေးတောင်သူများမှ သတ်မှတ်ထား‌သော စည်းကမ်းချက်များနှင့်အညီ ငါးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စေရေးတို့ကို အသိပညာ‌ပေး ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းမှူးနှင့် တောင်သူ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)