အခြေခံပညာမူလတန်းကျောင်း တတောင်ကွေ့တွင် ပဉ္စမအကြိမ် (ဒီဇင်ဘာလ) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဇလွန်  ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ သူများအား ပဉ္စမအကြိမ် (ဒီဇင်ဘာလ) အာဟာရကျွေးမွေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က တတောင်ကွေ့ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာ ရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။ အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ပဉ္စမအကြိမ် (ဒီဇင်ဘာလ) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ အ.မ.က တတောင်ကွေ့ကျောင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအုန်းကျော်နှင့် ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ (ပြန်/ဆက်)