အခြေခံပညာအထက်တန်းကျောင်းဒေါင့်ကြီး၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းပြုလုပ်

ဇလွန်  ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း​ဒေါင့်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက  လူငယ်စကားဝိုင်းကျင်းပရခြင်း​၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ Grade - 11 ကျောင်းသူ မဆုမြတ်ထွဋ်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 ကျောင်းသူ မအိငုံဖူးက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 1​1 ကျောင်းသူမအိမြတ်နိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူမထက်သီရိစံက လူငယ်နှင့် အားကစားခေါင်းစဉ်တို့ဖြင့်သီးသီးဆွေးနွေးခဲ့ကြ​ပြီး တက်ရောက်လာ​​​သော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို ခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အဆိုပါစကားဝိုင်းတွင်ပါဝင်ဆွေးနွေး​ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ​​သည်။

ဝေယံ (ပြန်/ဆက်)