ဓနုဖြူမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ

ဓနုဖြူ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ​ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့​ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်မြို့နယ်လုံး ဒီဇင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်‌ဆေး (HPV) (၁၂၆၉) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်