မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် တိုးချဲ့ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကလေးငယ်များနှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာစန်းဝင်း၊ မိခင်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝန်ထမ်းများက တက်ရောက်ရှုကြည့်အားပေး၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)