အိမ်မဲ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သပြေကွင်းကျေးရွာ၊ အ-ထ-က(ခွဲ) သပြေကွင်း ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် အ.ထ.က(ခွဲ)သပြေကွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာလူငယ် နှင့်ရည်မှန်းချက်၊ စာပေဖတ်ရှုခြင်း၏အကျိုး၊ လူငယ်နှင့်စာရိတ္တ၊ ဆက်သွယ်ရေးလိမ်လည်မှုအကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄) မျိုး၊လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသော မောင်သက်ဇော်ဦး၊ မောင်သန့်ဇင်ဦး၊ မအေးသီရိဝင်း၊ မမြမြစန်းတို့က ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်