ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် အမှတ်(၁)ရပ် ကွက်တွင် စူပါဆန်း(41) ဆောင်းနေကြာစိုက်ပျိုး

ကြံခင်း    ဒီဇင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဒေသအတွင်းဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့က ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဆောင်းနေကြာ စူပါဆန်း 41 များကို စုပေါင်းစိုက်ပျိုး ကြသည်။

ကြံခင်းမြို့နယ်အတွင်း ဆီဖူလုံရေးနှင့် နေကြာလျာထားချက်ပြည့်မီရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တောင်သူများပူးပေါင်း၍ ဘက်ရဲကွင်း၊ တောင်သူ ဦးကိုလတ်၏ ကွင်းအမှတ် (၆၁/၁)၊ ၈ ဧကတွင်  စူပါဆန်း 41 ဆောင်းနေကြာမျိုးအား စုပေါင်းစိုက်ပျိုးပေးကြပြီး၊ တောင်သူများ နေကြာစိုက် ပျိုးနေမှုများအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ နေကြာလျာထားချက်ပြည့်မီရေး ရပ်ကွက်၊ ကျေးရွာ/အုပ်စု ၃၅ စုတွင် စိုက်ဧက ၈၀၉၁ ဧကအနက် ၁၇ အုပ်စု၊ စိုက်ဧက ၂၇၅၃ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)