ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့်တာဝန်ရှိသူများ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဖျာပုံ   ဒီဇင်ဘာ   ၂

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကနိစံပြကျေးရွာတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစံပြ ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဌ ဒေါ်မိုးသူတင့်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကနိကျေးရွာ၊အောင်မြေချမ်းသာရ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြှော်ကြည်ညို၍ ဆရာတော်အား သင်္ကန်းခြင်းနှင့် ဝတ္ထုငွေ ဆက်ကပ်လှူ ဒါန်းကြပြီးအဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကနိစံပြကျေးရွာရှိ ဆယ်အိမ်စုမှူးများ နှင့်တွေ့ဆုံ၍တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေး၊ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစသော အမျိုးသမီးများဘဝဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာများအားအသိ ပညာပေးပြောကြားသည်။ ထို့နောက်ကနိစံပြကျေးရွာရှိ ဆယ်အိမ်စုမှူး များအားတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ဆပ်ပြာဆီ ၁ ဗူးစီအား ထောက်ပံ့ပေးအပ်ခြင်း၊ အထက (ကနိ)ကျောင်းမှ Grade-12ကျောင်းသား/သူ ၆၃ ဦးအား ဗလာစာအုပ် ၁၀ ဒါဇင်၊ ဘော့ပင် ၃ ဗူး၊ Correction Pen ၂ ကတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ကနိစံပြကျေးရွာ သက်ကြီးဘိုးဘွား ၅ ဦးအား ကွေကာအုပ်၊ ငှက်ပျောသီး၊ အိမ်ကြက်ဥ၊ ဘီစကွတ်မုန့်၊ ငွေသား ၂၀၀၀၀ ကျပ်စီ ထောက်ပံ့ ပေးအပ်ပြီး အာဟာရညီမျှအောင်ချက်ပြုတ်စားသောက်မှုရှိ/မရှိ နေအိမ်များအားစစ်ဆေးခြင်း၊ ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် တိုက်နယ်ဆေးရုံ ဆရာဝန် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ နေအိမ်များအား စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ အမှတ် ၁၉ ရပ်ကွက်ရှိ သမိန်ဒ္ဓေါဒယ သီလရှင်စာသင်တိုက်ရှိ သီလရှင်များအား ဆန် ၁ အိတ်၊ ဆီ ၁ ပုံး၊ ကြက်ဥ ၅ ကတ်လှူဒါန်းခြင်း၊ ဆက်လက်၍ ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)