ဘိုကလေး ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ယမန်နေ့ညနေ (၃)နာရီအချိန်က ဘိုကလေးမြို့၊ အမှတ်(၆)ရပ်ကွက် မူလွန်ကျောင်းသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲကျင်းပရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်က ကျောင်းသား/သူများအနေဖြင့် ထူးချွန်ထက်မြက်သော၊ နိုင်ငံတော်မှ အားကိုးအားထားပြုရသော လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေရေး၊ တန်ဖိုးရှိလှသော လူစွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်စေရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးတို့အတွက် စာများများဖတ်ကြရန် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်များအား သုတ၊ ရသစုံ စာအုပ်စာပေများ၊ ကဏ္ဍစုံ နံရံကပ်စာစောင်များ ခင်းကျင်းချိတ်ဆွဲပြသပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)