ပုသိမ် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်း(အမျိုးသား) မီတာ(၁၀၀)အပြေးပြိုင်ပွဲများ၊ မသန်စွမ်း (အမျိုးသမီး)မီတာ (၁၀၀) အပြေးပြိုင်ပွဲများ၊ မသန်စွမ်း (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ မသန်စွမ်း (အမျိုးသမီး) သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ် ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ မသန်စွမ်း အမျိုး သမီးမီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး၏ ဇနီးနှင့်တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်းကောင်း၊ မသန်စွမ်းအမျိုးသားမီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ မသန်စွမ်းအမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်း ကောင်း၊ မသန်စွမ်းအမျိုးသားသံပြားပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီးနောက် မသန်စွမ်းအမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယတိယနှင့် တတိယဆုရရှိသူများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားမသန်စွမ်း အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများဆက်လက်ချီးမြှင့်ခဲ့ကြပြီး မသန်စွမ်းအားကစားသမားများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးသည်ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုငွေများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာ၊ မှော်ဘီကျောင်းတိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် ပြည်သူများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုများကိုကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကို အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကာ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ ထံပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက္ကဘာ ကျေးရွာအုပ်စု၊ ထိတန်ကျေးရွာ တောင်သူဦးအေးကို၏ စိုက်ဧက(၁၀)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံနေကြာစံပြကွက် Super Sun-41 နေကြာမျိုးစိုက်ပျိုးပွဲသို့တက်ရောက်၍ တောင်သူများအား နေကြာမျိုးစေ့များပေးအပ်၍ နေကြာစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး နေကြာစိုက်ပျိုးရာတွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့်ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက္ကဘာကျေးရွာအုပ်စု၊ ထိတန်ကျေးရွာ ကမာအောင်ဘုရားလေးကျောင်းတိုက်၊ ဗုဒ္ဓဝိဟာဓမ္မာရုံတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဖျာပုံမြို့နယ် အတွင်း နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးမှု အခြေအနေများကို သိရှိလို၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အောင်ရေရရှိရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေငန်တားတာများဆောင်ရွက်ပေးခြင်းနှင့် ရေထိန်းတံခါးများကို လည်းပြုလုပ်ပေးထားပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍများတိုးတက်အောင် ဆောင်ရွက်ပေး ထားပါကြောင်း၊ ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများပြန်လည်တူးဖော်ခြင်းကိုလည်း ဘဏ္ဍာနှစ်အလိုက်လျာထားကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဖျာပုံ - ကျုံကဒွန်း-အမာ ကားလမ်းကိုလည်း ဘဏ္ဍာနှစ်အလိုက် အပိုင်းခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တောင်သူများကလည်း သီးထပ်စွမ်းအားပိုမိုတိုးတက်စိုက်ပျိုးစေရေးနှင့် ပန်းတိုင် အထွက် နှုန်းရရှိစေရေး ဆောင်ရွက်ရန်ကြရန်လိုပါကြောင်း၊ မဲဆန္ဒရှင်များမဲပေး နိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို ဆောင်ရွက်ထားရှိပြီး မဲပေးခွင့် အခွင့်အရေး များဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ ဒေသခံပြည်သူများနှင့် တောင်သူများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကို ပွင်းလင်း စွာတင်ပြပေးစေလိုကြောင်း” ဆွေးနွေးပြောကြားသည်။ ယင်းနောက် တောင်သူများ၊ ဒေသခံပြည်သူများ၊ဆရာ၊ ဆရာမများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများနှင့် ကျေးလက်ကျန်းမာ ရေးဌာန ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဘဲဥများပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)