ရွှေသောင်ယံ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်၊ ယနေ့နံနက်(၉)နာရီခွဲအချိန်က မွေးစနှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော ၊ပြင်းထန်အဆုတ်ရောင် ၊ဆုံဆို့ ၊ကြက်ညှာ ၊မေးခိုင် ၊အသဲရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည်ဖြင့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ဆေးတိုက် ၊ဆေးထိုးခြင်းများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ အမှတ်(၁ ၊၂၊ ၃)ရပ်ကွက်မှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ လာရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)