ဘိုကလေးမြို့နယ် မဲရုံများ မီးဘေးလုံခြုံရေး ဟောပြောဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဘိုကလေးမြို့နယ်အတွင်းရှိ မဲရုံ(၂၆၅)ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲ လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိရာ နေ့စဉ်သတ်မှတ်မဲရုံအလိုက်မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင် သင်တန်းသားများအား သင်တန်းစတင်သည့်ရက်မှစ၍ နေ့စဉ် မီးဘေးလုံခြုံရေးဟောပြောမှုများ ဆောင်ရွက်လျက်ရှိသည်။

မဲရုံများမီးဘေးလုံခြုံရေး ဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က ဟောပြောဆွေးနွေးခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ မီးလောင်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ မီးငြှိမ်းသတ်နည်း လုပ်ငန်းစဉ်များအား အကျယ်တဝင့် ဆွေးနွေး‌ဟောပြောကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)