ငရုတ်ကောင်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့်တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် နိုဝင်ဘာ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူ (၄၇၅) ဦးအား ငရုတ်ကောင်းမြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၁၂၁)ဦး၊ ခွဲစိတ်ရောဂါ (၅၆)ဦး၊ ကလေးရောဂါ (၁၉)ဦး၊ အရိုးရောဂါ (၉၃)ဦး၊ သားဖွားမီးယပ်ရောဂါ (၂၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၃၁) ဦး၊ မျက်စိရောဂါ (၈၀)ဦး၊ သွားရောဂါ (၅၃) ဦး တို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ (၅၄)ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ(၄)ဦး၊ Ultrasound (၆၄)နှင့် ဓာတ်ခွဲစမ်းသပ်လူနာ (၃၅) ဦး တို့ကို ရောဂါရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းအပြင် ဆေးဝါးလာရောက်ကုသမှု ခံယူကြသည့်ဒေသခံပြည်သူများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရူအားပေးပြီး လာရောက်ကုမူခံယူကြသည့် ဒေသခံများ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့်အကြို၊ အပို့ဆောင်ရွက်ပေးသည့်အပြင်နံနက်စာထမင်းဟင်းများကိုလည်းကျွေးမွေးပေးခဲ့ကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)