ဟင်္သာတမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုးအစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ၊ ကွင်းအမှတ် (၁၂၆၇)၊ ဦးပိုင်အမှတ် (၆၄/၁)ရှိ တောင်သူဦးမောင်ရှင်၏ လယ်မြေ(၃.၀၀)ဧက၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅- ၂၂၀၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုး စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမြင့်က ဆောင်းဆီထွက် သီးနှံ နေကြာအထွက်နှုန်းတိုးတက်ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တောင်သူများအနေဖြင့် နေကြာစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဆိုပါတောင်သူဦးမောင်ရှင်ပိုင် လယ်မြေ၌ အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ Super Sun 41 မျိုး ဆီထွက်သီးနှံ ဆောင်းနေကြာအားစုပေါင်း၍ အစေ့ချစိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)