ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း ခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းနှင့် ဆရာ/မများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ၊ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းအား ၁.၁၂.၂၀၂၅ ရက်မှ ၁၃.၁၂.၂၀၂၅ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)