စဉ့်ကိုင် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်တွင် စားသုံးသူရေးရာ အသိပညာပေးပွဲဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးလွင်က စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ပစ္စည်းများနှင့် အခြေခံဝန်ဆောင်မှုများရရှိသည့်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့် အရေးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပွဲအပြီးတွင် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)