ရွှေသောင်ယံ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများမှန်ကန်စေရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါဝင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းကာ စတုတ္ထနေ့အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့မြေပြင်ကွင်းဆင်းရာတွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ တစ်အိမ်တက်ဆင်း သွားရောက်ကာ ဒုတိယအကြိမ်ကပ်နှံထားသော မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးပြီး ပါဝင်ပါက မှန်ကန်မှု ရှိ၊ မရှိ မဲစာရင်းတွင်ပါဝင်မှုမရှိပါက ပြန်လည်လျှောက်ထားရန် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ရပ်/ကျေးစာရေးများ၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့်ဖွဲ့စည်းကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ကျန်ရစ်မှုမရှိစေရေးစနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင်